ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စက်မှုကဏ္ဍမှာ ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုပေးခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ စတင် ဆောင်ရွက်ရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေရဲ့ ပံ့ပိုးကူညီမှုက အရေးကြီးတာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကို ဥပဒေနဲ့အညီ ကူညီပံ့ပိုးပေးဖို့ အသင့်ရှိ တယ်လို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားထားပါတယ်။ အခုနှစ်အစောပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းကဏ္ဍနဲ့ စက်မှုကဏ္ဍတွေမှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုစုပေါင်း ၇ ခု ဝင်ရောက် ရင်းနှီးမြှုပ် နှံထားပါသည်။



