တူရကီနိုင်ငံတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပိုမိုပြင်းထန်လာပြီး ခုရက်မြောက်နေ့မှာတော့ ကျောင်းသား၊ သတင်းသမား၊ ရှေ့နေနဲ့ တက်ကြွလှုပ်ရှားသူတွေအပါအဝင် လူ ၁,၄၀၀ ကျော် အဖမ်းခံထားရပါတယ်။ ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံးဖြိုခွင်းတာနဲ့ ဖမ်းဆီးတာတွေကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂတို့က ရှုတ်ချထားပါတယ်။ အကျင့်ပျက်ချစားမှုအပြင် အကြမ်းဖက်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အတိုက်အခံသမ္မတလောင်းဖြစ်လာမယ့် အီမာမိုဂလူကတော့ ဒါဟာ နိုင်ငံရေးအရ ချောက်ချတာလို့ ဝေဖန်ပါတယ်။ လက်ရှိမှာတော့ သူ့ကို အကျဉ်းထောင်ပို့ထားပါတယ်။ 
Mar 26 • 9:12 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 22 | 0 | 0 | 0 |


