ဘောလိဝုဒ်မင်းသား ဆူရှန်ဆင်းမ် သေဆုံးမှုနဲ့ပတ်သက်ပြီး ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) က ပိတ်သိမ်းရေးအစီရင်ခံစာကို သေဆုံးပြီး ၄နှစ်ကျော်အကြာမှာ တင်သွင်းခဲ့ပါတယ်။ တွေ့ရှိချက်တွေကို မတ်လ၂၂ရက်နေ့က တင်ပြခဲ့တာဖြစ်ပြီး မွမ်ဘိုင်းတရားရုံးက အစီရင်ခံစာကို လက်ခံမလား လက်မခံဘူးလို့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။မွမ်ဘိုင်းရဲတပ်ဖွဲ့ရဲ့ကနဦးအစီရင်ခံစာမှာ ၂၀၂၀ ခုနှစ် ဇွန်လက အိမ်ရာမှာ သေဆုံးလျက်တွေ့ရှိခဲ့တဲ့ မင်းသား ဆူရှန်ဆင်းမ်ဟာ လုပ်ကြံခံရတဲ့အထောက်အထားတွေမတွေ့ရှိခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို သက်သေခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ CBI ရဲ့အစီရင်ခံစာကလည်း ဆူရှန်ရဲ့ ချစ်သူကောင်မလေးချာခရာဘိုတီနဲ့ သူ့ရဲ့မိသားစုအပေါ် စွပ်စွဲချက်တွေကိုလည်း ရှင်းလင်းခဲ့ပါတယ်။ 
မင်းသား ဆူရှန်ဆင်းမ် သေဆုံးပြီး ၄ နှစ်ကျော်အကြာမှာ CBI က အမှုပိတ်သိမ်းခြင်းဆိုင်ရာအစီရင်ခံစာကို တင်သွင်း
Mar 26 • 9:14 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


