back

ပင်းတယမြို့နယ် တပ်ကြီး-ကံလှကုန်းကျေးရွာချင်းဆက် ကျောက်ချောလမ်း သုံးမိုင်ကို ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းအား ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

Mar 26 • 9:10 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပင်းတယမြို့နယ် တပ်ကြီး-ကံလှကုန်းကျေးရွာချင်းဆက် ကျောက်ချောလမ်း သုံးမိုင်ကို ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းအား ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် တပ်ကြီး-ကံလှကုန်းကျေးရွာချင်းဆက် ကျောက်ချောလမ်း သုံးမိုင်ကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ရာနှုန်းပြည့်ဆ...

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် တပ်ကြီး-ကံလှကုန်းကျေးရွာချင်းဆက် ကျောက်ချောလမ်း သုံးမိုင်ကို ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ရာနှုန်းပြည့်ဆောင်ရွက်ပြီး ဖြစ်သည်ဟု သိရပါတယ်။အဆိုပါ လမ်းပိုင်းဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဒေသခံကျေးရွာ ရှစ်ရွာမှ လူဦးရေ ၅,၉၇၄ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်သည်။ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၄၉ မိုင် ၃ ဖာလုံ၊ အမာခံလမ်း ၁၃ မိုင် ၄ ဖာလုံ၊ ကျောက်လမ်း မိုင် ၂၀ ၃ ဖာလုံ၊ ကျောက်လမ်းပြင်၊ ထိန်းလေးမိုင်၊ ကတ္တရာလမ်းလေးမိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၁၁ မိုင် ၃ ဖာလုံ၊ ကွန်ရစ်လမ်း ၃ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်တံတားရှစ်စင်း၊ Box Culvert ၁၂၄ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်းနှစ်ခု၊ ကျောက်စီရေမြောင်း ပေ ၁၅၀၊ မြေပြိုဖယ်ရှားခြင်း ငါးမိုင်ခြောက်ဖာလုံ၊ လမ်းတာချဲ့ခြင်းနှစ်မိုင် နှစ်ဖာလုံ၊ ပညာရေးလုပ်ငန်းနှစ်ခု၊ အဝီစိတွင်းတူးဖော်ခြင်းလုပ်ငန်းတစ်တွင်း၊ သာသနာရေးလုပ်ငန်းရှစ်ခု၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်းခြောက်ခု၊ ဆိုလာ ၉၄ စုံနှင့် ဦးစီးဌာနလုပ်ငန်းခြောက်ခုကို စုစုပေါင်းခွင့်ပြုရန်ပုံငွေ ၁၂,၈၆၂ ဒသမ ၂၁၅ ကျပ်သန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။



news-view-count-icon

24