စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး သည် မတ် ၂၃ ရက် နံနက်ပိုင်းတွင် အမှတ် (၂) သံမဏိ စက်ရုံ (ပင်းပက်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
လေသန့်စင်အလုပ်ရုံ (Air Separation Unit) စမ်းသပ်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအချိန်ဇယားများရေးဆွဲ၍ လုပ်ငန်းစဉ်အသေးစိတ်ကို စနစ်တကျရေးဆွဲဆောင်ရွက်ရန်လိုကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းနယ်ပယ်၊ စီမံကိန်းအရည်အသွေး၊ ခန့်မှန်းခြေအသုံးစရိတ်တို့ကို ကြိုတင်ပြုစုရေးဆွဲထားရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကို စနစ်တကျဖြင့် မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရှုထောင့်ပေါင်းစုံမှ ဆင်ခြင်သုံးသပ်ပြီး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။


