ဂရင်းလန်းကျွန်းသည် အမေရိကန်၊ ရုရှားနှင့် တရုတ်တို့ကြား ပြိုင်ဆိုင်မှုများအတွင်း နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးချခံရနိုင်မည့် အခြေအနေအပေါ် ဂရင်းလန်း (Greenland) ကျွန်းသူ၊ ကျွန်းသားများက စိုးရိမ်ပူပန်နေကြသည်။တွင်းထွက်သတ္ထုများ ကြွယ်ဝပြီး လေကြောင်းနှင့် ရေကြောင်း သွားလာမှုများတွင် မဟာဗျူဟာကျသည့် တည်နေရာ၌ တည်ရှိနေသော ဂရင်းလန်းကျွန်းကို ထိန်းချုပ်လိုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump) ၏ ရည်ရွယ်ချက်ကြောင့် လွတ်လပ်မှုကို ဆုံးရှုံးသွားစေနိုင်ကြောင်း ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။
| 22 | 0 | 0 | 0 |


