ချယ်လ်ဆီးအသင်းပရိသတ်တွေက မဲပေးရွေးချယ်တဲ့ အသင်းရဲ့အချိန်တိုင်းအကောင်းဆုံးအသင်းမှာ ဒရော့ဘာနဲ့ ဟာဇက်တို့ ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၀၅ ခုနှစ် မတ်လမှာ စတင်တည်ထောင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အခုလထဲမှာ နှစ်ပေါင်း ၁၂၀ ပြည့် သွားခဲ့ပြီဖြစ်ပါတယ်။ အဲဒါကြောင့် ဒီအထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပရိသတ်တွေက ရွေးချယ်တဲ့ အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား ၁၁ ဦးကို ချယ်လ်ဆီးအသင်းက ကြေညာမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Chelsea's 'Team of 120' ကို ၄-၃-၃ ကစားကွက်နဲ့ ရွေးချယ်ခဲ့ပြီး ဂိုးသမားနေရာမှာ ပီတာချက်ကို ရွေးချယ်ခဲ့တာပါ။
| 14 | 0 | 0 | 0 |


