ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ရဝမ်ဒါက ကျောထောက်နောက်ခံ ပြုထားသည့် M23 သူပုန်အဖွဲ့၏ ထိုးစစ်ကို အဆုံး သတ်ရန် အာဖရိကတောင်ပိုင်းနှင့် အရှေ့ပိုင်း နိုင်ငံရေးအဖွဲ့များက စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို မတ်လ ၂၄ ရက်က တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။အန်ဂိုလာနိုင်ငံတွင် ကွန်ဂိုအစိုးရနှင့် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို M23 သူပုန်အဖွဲ့က တက်ရောက်ရန် ငြင်းဆိုခဲ့ပြီးနောက် ကွန်ဂိုအရှေ့ပိုင်း၌ ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး ပဋိပက္ခကို ဖြေရှင်းရန် သံတမန် ရေးရာ ကြိုးပမ်းမှုများသည် နှောင့်နှေးကြန့်ကြာခဲ့ရသည်။



