အသုံးများတဲ့ အကိုက်အခဲပျောက်ဆေးတစ်မျိုးက အချို့သောကင်ဆာတွေ ပျံ့နှံ့ခြင်းမှ ကာကွယ်နိုင်ဖွယ်ရှိပါတယ်။ အက်စ်ပရင်က လူနာရဲ့ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးပြီးတော့ ကင်ဆာအကျိတ်ပျံ့နှံ့မှုကို လျှော့ချပေးနိုင်တယ်လို့ ကိမ်းဘရစ်ချ်တက္ကသိုလ်မှ လေ့လာတွေ့ရှိထားပါတယ်။ အက်စ်ပရင်က သွေးခဲခြင်းကို ကူညီပေးတဲ့ TXA2ထုတ်လုပ်မှုနဲ့ သွေးခဲခြင်းကို ဟန့်တားပေးပါတယ်။ အက်စ်ပရင်က TXA2ကို လျှော့ချပေးကာ ကိုယ်ခံအားဆဲလ်တွေ ထွက်စေခြင်းဖြင့် ကင်ဆာပျံ့နှံ့ခြင်းကို ကာကွယ်ပေးတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ 
Mar 26 • 4:41 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 25 | 0 | 0 | 0 |


