back

လေယာဉ်မှူး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့လို့ အမေရိကန်ကနေ တရုတ်ကို ပျံသန်းတဲ့ လေယာဉ်တစ်စင်း နောက်ကြောင်းပြန်လှည့်ခဲ့ရ

Mar 26 • 4:51 AM

breaking-news

မြန်မာ

ပြည်ပ

cover

လေယာဉ်မှူး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့လို့ အမေရိကန်ကနေ တရုတ်ကို ပျံသန်းတဲ့ လေယာဉ်တစ်စင်း နောက်ကြောင်းပြန်လှည့်ခဲ့ရ

လေယာဉ်မှူးတစ်ဦး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့တာကြောင့် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ကနေ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို ပျံသန်းနေတဲ့ United Airlines ရဲ့ ခရီး...

လေယာဉ်မှူးတစ်ဦး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့တာကြောင့် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ကနေ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို ပျံသန်းနေတဲ့ United Airlines ရဲ့ ခရီးသည်တင် လေယာဉ်တစ်စင်းကို နောက်ကြောင်း ပြန်လှည့်ခဲ့ရပါတယ်။ မတ်လ ၂၂ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီအချိန်မှာ လော့စ်အိန်ဂျလိစ်လေဆိပ်ကနေ ထွက်ခွာခဲ့တဲ့ လေကြောင်းအမှတ် UA 198 လေယာဉ်ဟာ ပစိဖိတ်သမုဒ္ဒရာကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့ထံ ဦးတည်ပျံသန်းနေရင်း ပျံသန်းချိန် ၂ နာရီအကြာမှာတော့ လေယာဉ်မှူးတစ်ဦး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့တာကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ရပြီး ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ဆန်ဖရန်စစ္စကိုလေဆိပ်ကို ဆင်းသက်ခဲ့ရတာပါ။


news-view-count-icon

18