back

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲကိုနေပြည်တော်၌ကျင်းပ

Mar 25 • 1:20 AM

breaking-news

မြန်မာ

နေပြည်တော်

cover

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲကိုနေပြည်တော်၌ကျင်းပ

မတ် ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် နည်းပြဆရာဖြစ်သင်တန်း ဖွင့်ပ...

မတ် ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် နည်းပြဆရာဖြစ်သင်တန်း ဖွင့်ပွဲကျင်းပခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သည့် မဲစာရင်းမှားယွင်းမှု၊ မဲစာရင်းဖောင်းမှုနှင့် မဲမသမာမှုဖြစ်စဉ်များကို သုံးသပ်ပြင်ဆင်ပြီး MEVM စက်များအသုံးပြုကာ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာ မဲပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ မဲပေးစက် ကိုင်တွယ်အသုံးပြုမည့်သူများ စနစ်တကျ ကိုင်တွယ်နိုင်ရန် လိုအပ်ကြောင်း၊ ဆရာဖြစ်သင်တန်းသားများအနေဖြင့် ကျွမ်းကျင်မှုရှိရန် လေးလေးနက်နက် သင်ယူကြရန်နှင့် ရွေးကောက်ပွဲတွင် မဲပေးစက်ကိုင်တွယ်ကြီးကြပ်မည့်သူများအား ဆင့်ပွားသင်တန်းများ ပို့ချပေးနိုင်ရန်ဖြစ်ကြောင်း၊ မဲပေးစက်တည်ဆောက်ပုံ၊ နည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုတ်ပိုးသိမ်းဆည်းပုံတို့ကို သင်ကြားပြသပေးကြောင်း ပြောကြားသည်။ သင်တန်းကို မတ် ၂၆ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။


news-view-count-icon

30