မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်ယူပြီးမြောက်ခဲ့သည့် ရင်သွေးငယ် ၄၅ ဦးအား ကျောင်းဆင်းလက်မှတ် ပေးအပ်ပွဲကို မတ် ၂၂ ရက်က ကျိုက္ခမီမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းဝင်း၌ ကျင်းပခဲ့သည်။ ကျောင်းအုပ်ဆရာမ နှင့် ဆရာမများက ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။



