လတ်တလော "When Life Gives You Tangerines"တန်ဂျရင်း ဇာတ်ကားနဲ့ အောင်မြင်ကျော်ကြားမှုတွေ ရရှိနေတဲ့ တောင်ကိုရီးယားမင်းသား ပက်ခ်ဘိုဂမ်ဟာ နာမည်ကြီး ဒါရိုက်တာ ကင်ဟန်မင်း ရိုက်ကူးမယ့် ဂိုဂူလျောခေတ် သမိုင်းကြောင်းနောက်ခံ ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဇာတ်ကားနာမည်ကတော့ "The Sword: A Legend of The Red Wolf ” ဖြစ်ပြီး ပက်ခ်ဘိုဂမ်က ခေါင်းဆောင် မင်းသားနေရာက ပါဝင်မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို လာမယ့် ဩဂုတ်လလောက်မှာ စတင် ထုတ်လုပ်ဖို့ မျှော်လင့်ထားပါတယ်။



