အယ်ဘေးနီးယားအသင်းကို အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ ကွင်းလယ်ကစားသမား ဖိုဒန်၊ တောင်ပံ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့နဲ့ စကားပြောဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့ အင်္ဂလန်နည်းပြ တူချယ်က ပြောသွားခဲ့ပါ တယ်။ နည်းပြသစ်တူချယ်လက်ထက် ပထမဆုံးပွဲမှာ ဖိုဒန်ရော ရက်ရှ်ဖို့ဒ်ပါ ပုံစံကောင်း မပြသနိုင်ခဲ့သလို ဝေဖန်မှု တွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အခုလိုတွေ့ဆုံစကားပြောဆိုတာက သူတို့ရဲ့ကြိုးစားအားထုတ်မှုအပေါ် ချီးကျူးပြောဆိုဖို့သာ ဖြစ်တယ်လို့ တူချယ်က ပြောသွားခဲ့ပါတယ်။



