အီရတ်နိုင်ငံဟာ လာမယ့် ၂၀၂၉ ခုနှစ်မှာ တစ်ရက်ကို ရေနံစည်ပေါင်း ၆ သန်းကျော်အထိ ထုတ်လုပ်နိုင်ဖို့ စီစဉ်နေ တယ်လို့ အီရတ်ရေနံဝန်ကြီးဌာန တာဝန်ရှိသူမှ မတ်လ ၂၃ ရက်မှာပြောကြားထားပါတယ်။ မကြာသေးခင်ကပဲ အီရတ်နဲ့ ကမ္ဘာအကြီးဆုံး စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ BP တို့အကြား ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် ၄ ခုအတွက် သဘောတူညီမှု ရရှိထားပါတယ်။ OPEC+ အဖွဲ့ဟာ လာမဲ့ ဧပြီလကစလို့ ရေနံထုတ်လုပ်မှုကို တဖြည်းဖြည်း တိုးမြှင့်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။



