back

Tesla ထက် ဈေးထက်ဝက်သက်သာတဲ့ EV သစ် BYD မိတ်ဆက်

Mar 24 • 4:23 PM

breaking-news

မြန်မာ

ပြည်ပ

cover

Tesla ထက် ဈေးထက်ဝက်သက်သာတဲ့ EV သစ် BYD မိတ်ဆက်

BYD က တရုတ် EV ဈေးကွက်မှာ အရောင်းသွက်ဆုံး Tesla Model 3 ထက် ဈေးထက်ဝက်နီးပါး သက်သာပြီး Model 3 လုပ်ဆောင်ချက်မျိုးတွေ ပါတဲ့ EV ကားသစ်ကို မိတ်ဆက်လိုက်တာပါ။ ယွမ် ၁၁...

BYD က တရုတ် EV ဈေးကွက်မှာ အရောင်းသွက်ဆုံး Tesla Model 3 ထက် ဈေးထက်ဝက်နီးပါး သက်သာပြီး Model 3 လုပ်ဆောင်ချက်မျိုးတွေ ပါတဲ့ EV ကားသစ်ကို မိတ်ဆက်လိုက်တာပါ။ ယွမ် ၁၁၉၈၀၀ (ဒေါ်လာ ၁၆၅၀၀ ကျော်တန်) Qin L က Model 3 လိုမျိုး BYD ရဲ့ God's Eye ယာဉ်မောင်းအကူနည်းပညာနဲ့ ဒီဂျစ်တယ်ပဲ့ထိန်း cockpit ပါပါတယ်။ Driving range အနေနဲ့ Model 3 က ၆၃၄ ကီလိုမီတာအထိ မောင်းနိုင်ပြီး Qin L ဆီဒင်ကားက ၅၄၅ ကီလိုမီတာအထိ မောင်းနှင်နိုင်မှာပါ။ Model 3 ရဲ့ ဈေးက ယွမ် ၂၃၅၅၀၀ က စပါတယ်။ BYD လိုပဲ ကွမ်ကျိုးအခြေစိုက် Xpeng ကလည်း Tesla ကို စိန်ခေါ်နိုင်မယ့် ယွမ် ၁၁၉၈၀၀ တန် Mona M03 ကို ကြေညာလိုက်ပါတယ်။ တရုတ်ဈေးကွက်မှာ Tesla ကားတွေ အရောင်းထိုင်းလာချိန် တရုတ် EV ကြီးတွေက ဈေးပိုသက်သာတဲ့ EV ကားသစ်တွေနဲ့ မိတ်ဆက်လာတာပါ။


news-view-count-icon

21