ဉာဏ်ရည်တု နည်းပညာဆိုင်ရာလုပ်ငန်းတွေ ချဲ့ထွင်ဖိူ့အတွက် အိန္ဒိယအခြေစိုက် ကုမ္ပဏီကြီးဖြစ်တဲ့ Reliance နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် OpenAI နဲ့ Meta ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ OpenAI က ထုတ်လုပ်ထား ပြီး အခကြေးငွေပေး အသုံးပြုနေရတဲ့ ဆော့ဝဲလ်တွေ နည်းပညာတွေကိုလည်း အိန္ဒိယနိုင်ငံအတွက် ဈေးလျှော့ ပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ Reliance ကုမ္ပဏီက တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ၃ ဂီဂါဝပ် ဒေတာစင်တာ ဆောက်လုပ်ရာမှာလည်း Meta နဲ့ OpenAI မော်ဒယ်တွေကို ထည့်သွင်းအသုံးပြုသွားမှာဖြစ်တယ်လို့ မူကာစ်အန်ဘာနီက ပြောပါတယ်။



