မန်ယူအသင်းဟာ ဒေါ့မွန်ကွင်းလယ်လူ ဖိလစ်မက်ချာအတွက် အနည်းဆုံး ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း ၅၀ ပေးချေနိုင်မှသာ ခေါ်ယူခွင့်ရရှိမယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ လာမယ့်ရာသီမှာ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ ကတ်စမီရိုနဲ့ အဲရစ်ဆင် တို့နဲ့ လမ်းခွဲဖို့ရှိတာကြောင့် နောက်ထပ် ကွင်းလယ်ကစားသမားတွေ မဖြစ်မနေ ခေါ်ယူသွားရမှာပါ။



