back

ယာမဲလ်ကို မက်ဆီနှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်သေးဟု အသင်းဖော် ဒီယောင် ပြော

Mar 24 • 4:22 PM

breaking-news

မြန်မာ

ပြည်ပ

cover

ယာမဲလ်ကို မက်ဆီနှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်သေးဟု အသင်းဖော် ဒီယောင် ပြော

စပိန်နဲ့ ဘာစီလိုနာကြယ်ပွင့် ယာမဲလ်ကို မက်ဆီနဲ့ နှိုင်းယှဉ်ဖို့ မဖြစ်နိုင်သေးဘူးလို့ အသင်းဖော် ဖရန့်ကီဒီယောင်က ပြောပါတယ်။ အသက် ၁၅ နှစ်နဲ့ ၂၉၁ ရက် အရွယ်မှာပဲ ဘာစီ...

စပိန်နဲ့ ဘာစီလိုနာကြယ်ပွင့် ယာမဲလ်ကို မက်ဆီနဲ့ နှိုင်းယှဉ်ဖို့ မဖြစ်နိုင်သေးဘူးလို့ အသင်းဖော် ဖရန့်ကီဒီယောင်က ပြောပါတယ်။ အသက် ၁၅ နှစ်နဲ့ ၂၉၁ ရက် အရွယ်မှာပဲ ဘာစီလိုနာအသင်းကြီးမှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး စပိန်အသင်းနဲ့အတူ ဥရောပချန်ပီယံဆုဖလား ရယူနိုင်ခဲ့တဲ့ ယာမဲလ်ကို မက်ဆီနဲ့ နှိုင်းယှဉ်ပြီး ချီးကျူးနေခဲ့ကြတာပါ။ ဘာစီလိုနာ ကွင်းလယ်လူ ဒီယောင်ကတော့ ယာမဲလ်ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ဆောင်ပြနေတာက အလွန်ရှားပါးပြီး ပါရမီရှင် ကစားသမားတယောက် ဖြစ်ပေမဲ့လည်း မက်ဆီနဲ့ နှိုင်းယှဉ်ချီးကျူးဖို့အထိတော့ မလုံလောက်သေးကြောင်း စပိန်နဲ့ နေးရှင်းလိဂ်ပွဲစဉ် မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။


news-view-count-icon

15