back

ပီယက်စ်ထရီနှင့် အပြိုင်ဖြစ်နေ၍ နောရစ် စိတ်လှုပ်ရှား

Mar 24 • 4:20 PM

breaking-news

မြန်မာ

ပြည်ပ

cover

ပီယက်စ်ထရီနှင့် အပြိုင်ဖြစ်နေ၍ နောရစ် စိတ်လှုပ်ရှား

အခုနှစ် ဖော်မြူလာဝမ်းရာသီ ဂရင်းပရီ ပွဲစဉ် ၂ခု ယှဉ်ပြိုင်အပြီး ချန်ပီယံအမှတ်ပေးဇယားမှာ မက္ကလာရင် အသင်း ဖော် ပီယက်စ်ထရီနဲ့ အပြိုင်အဆိုင်ဖြစ်နေတဲ့အတွက် စိတ်လှုပ်ရှ...

အခုနှစ် ဖော်မြူလာဝမ်းရာသီ ဂရင်းပရီ ပွဲစဉ် ၂ခု ယှဉ်ပြိုင်အပြီး ချန်ပီယံအမှတ်ပေးဇယားမှာ မက္ကလာရင် အသင်း ဖော် ပီယက်စ်ထရီနဲ့ အပြိုင်အဆိုင်ဖြစ်နေတဲ့အတွက် စိတ်လှုပ်ရှားမိတယ်လို့ ဗြိတိန်ဒရိုင်ဗာ နောရစ်က ပြောသွားခဲ့ပါတယ်။ လက်ရှိမှာတော့ နောရစ်က ပီယက်စ်ထရီကို ၁၀ မှတ်အသာ ရထားသေးတယ်ဆိုပေမယ့် လာမယ့် ပွဲစဉ်တွေမှာ ပီယက်စ်ထရီအနေနဲ့ နောရစ်ကို အနီးကပ် ခြိမ်းခြောက်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။ မတ်လ ၂၄ ရက် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ တရုတ်ဂရင်းပရီ ပြိုင်ပွဲမှာ မက္ကလာရင်အသင်း ဒရိုင်ဗာတွေ ဖြစ်ကြတဲ့ ပီယက်စ်ထရီနဲ့ နောရစ်တို့က ပထမနဲ့ ဒုတိယနေရာတွေရခဲ့ပြီး မာစီးဒီးစ်အသင်းဒရိုင်ဗာ ရပ်ဆဲလ်က တတိယ ရရှိခဲ့ပါတယ်။


news-view-count-icon

23