back

Stem ဆဲလ်နဲ့ ကုသမှုဟာ ကျောရိုးအာရုံကြော ထိခိုက်ဒဏ်ရာတွေကို တိုးတက်ကောင်းမွန်စေတယ်လို့ ဂျပန်သုတေသီအဖွဲ့က ပြော

Mar 24 • 4:19 PM

breaking-news

မြန်မာ

ပြည်ပ

cover

Stem ဆဲလ်နဲ့ ကုသမှုဟာ ကျောရိုးအာရုံကြော ထိခိုက်ဒဏ်ရာတွေကို တိုးတက်ကောင်းမွန်စေတယ်လို့ ဂျပန်သုတေသီအဖွဲ့က ပြော

ကျောရိုးအာရုံကြောဒဏ်ရာတွေကို ပြန်လည်ပြုပြင်ဖို့အတွက် လူနာတွေကိုလက်တွေ့စမ်းသပ်လေ့လာမှုတစ်ခုအရ အထူး stem ဆဲလ် အစားထိုးကုသမှုခံယူခဲ့တဲ့ လူနာ ၄ ဦးထဲက ၂ ဦးဟာ လှုပ်ရှ...

ကျောရိုးအာရုံကြောဒဏ်ရာတွေကို ပြန်လည်ပြုပြင်ဖို့အတွက် လူနာတွေကိုလက်တွေ့စမ်းသပ်လေ့လာမှုတစ်ခုအရ အထူး stem ဆဲလ် အစားထိုးကုသမှုခံယူခဲ့တဲ့ လူနာ ၄ ဦးထဲက ၂ ဦးဟာ လှုပ်ရှားမှုဆိုင်ရာလုပ်ဆောင်ချက်တွေ ပြန်လည်ကောင်းမွန်လာတာကို ပြသခဲ့ကြောင်း ဂျပန်သုတေသီအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။ လက်တွေ့လူနာတွေနဲ့ စမ်းသပ်လေ့လာမှုမှာ သုတေသီအဖွဲ့က ကျောရိုးအာရုံကြောဒဏ်ရာကြောင့် မလှုပ်ရှားနိုင်ဘဲ အာရုံခံစားမှုပါဆုံးရှုံးနေတဲ့ လူနာ ၄ ဦးကို iPSC ကရရှိတဲ့ ဆဲလ် ၂ သန်းကို အစားထိုးပေးခဲ့ပါတယ်။ တစ်နှစ်အကြာမှာ လူနာရဲ့လှုပ်ရှားမှုဆိုင်ရာလုပ်ဆောင်ချက်တွေ ပြန်လည်ကောင်းမွန်လာတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။


news-view-count-icon

16