ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်မှာ ယိမ်းအကပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်တယ်လို့ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ ယိမ်းအကပြိုင်ပွဲမှာ မူကြိုကျောင်းတွေ၊ ကျောင်းတွေ၊ ရုံးနဲ့အခြားဌာနတွေ ပါဝင်ယှဉ်ပြိုင်လို့ရတဲ့ (၁၂) ဦးယိမ်း၊ ကျောင်းတွေ၊ ရုံးနဲ့အခြားဌာနတွေ ပါဝင်ယှဉ်ပြိုင်လို့ရတဲ့ (၁၆)ဦးယိမ်း၊ ရုံးနဲ့အခြားဌာနတွေ ပါဝင်ယှဉ်ပြိုင်လို့ရတဲ့ (၂၀)ဦးယိမ်း၊ (အလွတ်တန်း) (၂၀)ဦးယိမ်းနဲ့ (အမျိုးသား အလွတ်တန်း) (၁၂) ဦးယိမ်းတွေနဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုူအကတွေ ပါဝင်မှာ ဖြစ်ပါတယ်။ ယိမ်းအကပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် လိုသူတွေအနေနဲ့ မတ်လ(၃၁)ရက် နောက်ဆုံးထားပြီး ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်း၊ ၁၂ ထပ်ခွဲရုံး၊ (၁၀)လွှာရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု) မှာ လာရောက် စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။



