back

မြန်မာအမျိုးသား ဘတ်စကက်ဘောအသင်း ကြိုတင်ပြင်ဆင်မှု စတင်ပြုလုပ်

Mar 24 • 1:27 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာအမျိုးသား ဘတ်စကက်ဘောအသင်း ကြိုတင်ပြင်ဆင်မှု စတင်ပြုလုပ်

၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ မြန်မာအမျိုးသား ဘတ်စကက်ဘောအသင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပ...

၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ မြန်မာအမျိုးသား ဘတ်စကက်ဘောအသင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်မှုတွေ စတင် ဆောင်ရွက်နေပြီ ဖြစ်ပြီးပဏာမကစားသမား အယောက် ၃၀ ကျော်ကို ရွေးချယ်ပြီး ကြံ့ခိုင်မှုအပိုင်းကို ကြိုတင်ပြင်ဆင်လေ့ကျင့်တာတွေ စတင်ဆောင်ရွက်နေတာလို့သိရပါသည်။(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၉)ရက်ကနေ(၂၀)ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချောင်ဘူရီ နဲ့ ဆောင်ခလာ မြို့ သုံးမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး အားကစားနည်း (၅၀) နဲ့ ကျင်းပသွားမှာ ဖြစ်ပါသည်။



news-view-count-icon

20