မကွေးမြို့ရှိ မြို့တော်ခန်းမမှာ အညာဓလေ့ သနပ်ခါးယဥ်ကျေးမှုပွဲတော်ကို မတ်လ၂၃ ရက်က ကျင်းပခဲ့ပါတယ်။ အဲဒီပွဲတော်မှာ မြန်မာ့ရိုးရာသနပ်ခါး ယဥ်ကျေးမှုဓလေ့ကို ကမ္ဘာ့ကသိစေဖို့ ရည်ရွယ်ပြီး ကျင်းပတဲ့ မြန်မာ့သနပ်ခါး အလှမယ် ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။လက်ရှိမှာ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ဒုတိယမြောက် ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သိရပါသည်။



