back

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် နာမည်ကြီးတရုတ်ရုပ်ရှင်ဇာတ်ကားများ အပတ်စဉ်ပြသပေးနေ

Mar 24 • 1:18 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် နာမည်ကြီးတရုတ်ရုပ်ရှင်ဇာတ်ကားများ အပတ်စဉ်ပြသပေးနေ

ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် လူကြိုက်များသော တရုတ်ရုပ်ရှင်ဇာတ်ကားကောင်းများကို အပတ်စဉ် စနေနေ့တိုင်း ပြသပေးလျက်ရှိကြောင်း သိရသည်...

ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် လူကြိုက်များသော တရုတ်ရုပ်ရှင်ဇာတ်ကားကောင်းများကို အပတ်စဉ် စနေနေ့တိုင်း ပြသပေးလျက်ရှိကြောင်း သိရသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “Weekend ရုပ်ရှင်အစီအစဉ်”အတွက် လူကြိုက်များသော တရုတ်ရုပ်ရှင်ဇာတ်ကားကောင်း (၁၀)ကားကို ရွေးချယ်ထားပြီး အပတ်စဉ် စနေနေ့တိုင်း ဇာတ်ကား (၁)ကားနှုန်းဖြင့် ပြသပေးနေခြင်းဖြစ်ကြောင်း သိရသည်။ဤအစီအစဉ်သည် ရုပ်ရှင်ဝါသနာရှင်များအတွက် ကောင်းမွန်သော အခွင့်အလမ်းတစ်ခုဖြစ်ပြီး တရုတ်ယဉ်ကျေးမှုနှင့် ရုပ်ရှင်အနုပညာကို စိတ်ဝင်စားသူများ အတွက် လေ့လာနိုင်သည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ကြောင်း သိရသည်။


news-view-count-icon

29