ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းအနေဖြင့် ၎င်း၏ပုံစံအတိုင်း အောင်ပွဲခံခြင်းနှင့်ပတ်သက်ပြီး ပြဿနာမရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။မတ်လ (၁၉)ရက်က ကစားခဲ့သည့် UEFA Nations League ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် ဒိန်းမတ် (၁-ဝ) ပေါ် တူဂီပွဲတွင် ဟွိုင်လန်းသည် ဒိန်းမတ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးသွင်းပြီးနောက် စီရော်နယ်လ်ဒို၏နာမည်ကျော် "Idol"ပုံစံအတိုင်း အောင်ပွဲခံခဲ့သည်။ဟွိုင်လန်းက ယင်းကဲ့သို့ အောင်ပွဲခံခြင်းမှာ စီရော်နယ်လ်ဒိုကို မလေးစား၍ မဟုတ်ကြောင်းနှင့် စီရော်နယ်လ်ဒိုသည် ၎င်း၏ "Siu" ဖြစ်သဖြင့်ဂုဏ် ပြုခြင်းသာဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။ယခုအခါ စီရော်နယ်လ်ဒိုက "ဟွိုင်လန်းအောင်ပွဲခံပုံက ပြဿနာ မရှိပါဘူး။ သူ့အနေနဲ့ ကျွန်တော့်ကို မလေးစားလို့ လုပ်တာမဟုတ်ဘူးဆိုတာကို သိပါတယ်။ ပြီးတော့ ကျွန်တော့်ပုံစံအတိုင်း အောင်ပွဲခံတာလည်း သူတစ်ယောက်တည်း မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။



