back

ယူအေအီးတွင် တောင်းစားသူများဖမ်းဆီးနေ

Mar 24 • 9:51 AM

breaking-news

မြန်မာ

ပြည်ပ

cover

ယူအေအီးတွင် တောင်းစားသူများဖမ်းဆီးနေ

အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များ၏ ရာမာဒါန်ဥပုသ်လအတွင်း လမ်းပေါ်တွင် တောင်းရမ်းစားသောက်နေသူများအား ဖမ်းဆီးနေကြောင်းသိရသည်။ရာမာ...

အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များ၏ ရာမာဒါန်ဥပုသ်လအတွင်း လမ်းပေါ်တွင် တောင်းရမ်းစားသောက်နေသူများအား ဖမ်းဆီးနေကြောင်းသိရသည်။ရာမာဒါန်ဥပုသ်လ ပထမလဝက်အတွင်း တောင်းရမ်းစားသောက်သူ ၁၇၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။ တောင်းရမ်းစားသောက်သူများသည် ဝင်ငွေ အများအပြားရနေပြီး လူစည်ကားရာလမ်းမများတွင် ဆုတောင်းသူများအတွက် ရှုပ်ထွေးစေသောကြောင့် ဖမ်းဆီးအရေးယူရခြင်းဖြစ်ကြောင်းသိရသည်။


news-view-count-icon

13