ဆန်နှင့် ဆန်ကွဲတင်ပို့မှုဆောင်ရွက်နေသော ဆန်စက်ကြီးများကို လျှပ်စစ်ဓာတ်အား ထောက်ပံ့နိုင်ရန် ဆိုလာစွမ်းအင်ကုမ္ပဏီ ၁၁ ခုနှင့် နားလည်မှုစာချွန်လွှာ (MoU) ချုပ်ဆိုထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှထုတ်ပြန်သည်။MRF အနေဖြင့် ၄၁.၅ မဂ္ဂါဝပ် ပါဝင်သည့် ဆိုလာစွမ်းအင်စနစ်ကို နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မန္တလေးနှင့် မွန်ပြည်နယ်များရှိ ဆန်စက် ၂၈ ခုတွင် ၂၀၂၅ ခုနှစ်အတွင်းတွင် တပ်ဆင်ပြီးစီးရန် ပြင်ဆင်လျက်ရှိသည်။အဆိုပါအစီအစဉ်တွင် ဆိုလာစွမ်းအင်ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံပြီး ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို MRF နှင့် ဆန်စက်များမှ ဝယ်ယူအသုံးပြုမည် ဖြစ်ပြီး၊ ဧပြီနှင့် မေလကာလအတွင်း စပါးတင်း သိန်း ၁၅၀ နှင့် ဧည့်မထဆန်အိတ် ၄ သိန်း ဝယ်ယူရန် သဘောတူညီမှုရှိကြောင်း သိရသည်။MRF သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပေါင်းဆန် တန်ချိန် ၃ သိန်း တင်ပို့နိုင်ရန်နှင့် ဆန်စက် ၃၀ ကို အဆင့်မြှင့်တင်ရန် လုပ်ဆောင်မည် ဖြစ်သည်။



