ရန်ကုန်တိုင်းတွင် မတ် ၂၄ ရက်မှစတင်ကာ ၄ နာရီလာ၊ ၈ နာရီပျက် စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ဓာတ်တိုင်အချို့ ပျက်စီးချို့ယွင်းမှုများ၊ နွေရာသီရောက်ရှိပြီး ဓာတ်အားထုတ်လုပ်မှု လျော့နည်းမှုများကြောင့် ဖြစ်သည်ဟု တာဝန်ရှိသူများက ဖော်ပြထားသည်။ ယခင်က ၄ နာရီပျက်၊ ၄ နာရီလာဖြင့် ဖြန့်ဖြူးနေသည့် မြို့နယ်များတွင်လည်း ဓာတ်အားပြတ်တောက်မှုပိုမိုဆိုးရွားလာကြောင်း သိရသည်။



