back

တောင်ငူတွင် ကိုးတန်းကျောင်းသူအား အဓမ္မပြုကျင့်သတ်ဖြတ်မှုဖြစ်ပွါးခဲ့ပြီးကျူးလွန်သူ နှစ်ဦးဖမ်းဆီးမိ

Mar 24 • 8:31 AM

breaking-news

မြန်မာ

ပဲခူး

cover

တောင်ငူတွင် ကိုးတန်းကျောင်းသူအား အဓမ္မပြုကျင့်သတ်ဖြတ်မှုဖြစ်ပွါးခဲ့ပြီးကျူးလွန်သူ နှစ်ဦးဖမ်းဆီးမိ

တောင်ငူခရိုင်၊ ကျွန်းကုန်းမြောက်ပိုင်းကျေးရွာတွင် နေထိုင်သည့် ၁၆ နှစ်အရွယ် ကိုးတန်းကျောင်းသူ မခိုင်သဇင်ထွန်းအား မတ် ၁၉ ရက်နေ့က တစ်ရွာတည်းနေထိုင်သူ နှစ်ဦးမှ အဓမ္...

တောင်ငူခရိုင်၊ ကျွန်းကုန်းမြောက်ပိုင်းကျေးရွာတွင် နေထိုင်သည့် ၁၆ နှစ်အရွယ် ကိုးတန်းကျောင်းသူ မခိုင်သဇင်ထွန်းအား မတ် ၁၉ ရက်နေ့က တစ်ရွာတည်းနေထိုင်သူ နှစ်ဦးမှ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ချိန်တွင် မိဘများမရှိသောအခိုက် အိမ်တွင်းတွင် တစ်ဦးတည်း ကျန်နေစဉ် ကျူးလွန်သူများက ဝင်ရောက် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ဖြစ်စဉ်တွင် ကျူးလွန်သူနှစ်ဦးဖြစ်သူ စည်သူနိုင်(ခ) မှဲ့ကြီးနှင့် သိန်းထိုက်အောင် (ခ) သားပုတို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး တတိယဦးတစ်ယောက် ထွက်ပြေးလွတ်မြောက်နေကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။ မိသားစုနှင့် နီးစပ်သူများက တရားမျှတသော အရေးယူမှုခံစားရစေရန် တောင်းဆိုနေကြောင်း သိရသည်။


news-view-count-icon

28