ရီးယဲလ်မက်ဒရစ်အမျိုးသမီးအသင်းသည် El Clasico ပွဲစဉ်တွင် ၃-၁ ဂိုးဖြင့် အနိုင်ရပြီး ဘာစီလိုနာအသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အနိုင်ယူခဲ့သည်။ ရီးယဲလ်အသင်းအနေဖြင့် ဘာစီလိုနာအသင်းနှင့် ၁၉ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး ယခင် ၁၈ ပွဲစလုံး အရေးနိမ့်ခဲ့ရသည်။ Liga F အမှတ်ပေးပြိုင်ပွဲတွင် ဘာစီလိုနာအသင်းက ၂၃ ပွဲကစား ၆၃ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရီးယဲလ်မက်ဒရစ်အသင်းမှာ ယခုနိုင်ပွဲကြောင့် ဘာစီလိုနာနှင့် လေးမှတ်အကွာသို့ ရောက်လာခဲ့သည်။



