ဂျူဗင်တပ်စ်အသင်းသည် နည်းပြ သီယာဂိုမော့တာကို ရာထူးမှထုတ်ပယ်ပြီး အသင်းကစားသမားဟောင်းဖြစ်သူ တူဒေါကို အစားထိုးခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့သည်။တူဒေါ(၄၆ နှစ်)၏စာချုပ်သက်တမ်းကိုမူ အသင်းဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။
သတင်းများတွင်မူ တူဒေါ၏စာချုပ်မှာ ရာသီကုန်အထိဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရလျှင် အလိုအလျောက် တစ်နှစ်သက်တမ်းတိုးမည်ဖြစ်သည်။



