၂၀၂၅ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့ရပ်ကွက်ဈေးများတွင် ဖရဲသီးဈေး အနည်းငယ်ပေါသဖြင့် စားသုံးသူများ ပိုမိုဝယ်ယူနေကြ သည်။ ဖရဲသီးတစ်လုံး ၆,၀၀၀ - ၇,၀၀၀ ကျပ်၊ တစ်စိပ် ၁,၀၀၀ ကျပ် ဖြစ်ပြီး စတော်ဘယ်ရီသီးများလည်း ပေါနေသဖြင့် တစ်ဆယ်သား ၁,၀၀၀ - ၁,၃၀၀ ကျပ်သာရှိ သည်။ပျားလိမ္မော်သီး (၁၀)လုံး ၂,၀၀၀ ကျပ်၊ စပျစ်သီး (၁၀)သား ၂,၀၀၀ ကျပ်တို့ဖြင့် ပုံမှန်ဈေးရှိနေသော်လည်း နာနတ်သီးတစ်စိပ် ၂,၀၀၀ ကျပ် အထိရှိနေ၍ ဈေးနှုန်းများမြင့်မားနေသည်။ ငှက်ပျောသီး (၁) ဖီး ၄,၀၀၀ - ၅,၀၀၀ ကျပ်၊ ရခိုင်ငှက်ပျောသီး (၁) ဖီး ၁,၅၀၀ - ၂,၀၀၀ ကျပ် ဖြင့် ရောင်းချနေကြသည်။



