၂၀၂၅ ခုနှစ် ဧပြီလအတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် တခြားဒေသများတွင် သင်္ကြန်မိုး ပိုမိုရွာနိုင်ကြောင်း မိုးလေဝသပညာရှင်များ ခန့်မှန်းထားသည်။ Meteoblue ရဲ့ Seasonal Forecast အရ ဧပြီလအတွင်း ပျမ်းမျှမိုးရေချိန်ထက် ၁၀-၂၀ မီလီမီတာ (၀.၄-၀.၈ လက်မ) ခန့် ပိုမိုရွာသွန်းနိုင်ကြောင်း သိရသည်။ တနင်္သာရီ၊ မွန်နှင့် ကရင်ပြည်နယ်များတွင် မိုးရွာနိုင်မည့် အခြေအနေများ စတင်ထင်ရှားလာပြီး မိုးကြိုကာလအစပိုင်းတွင် မိုးရွာနိုင်မည်ဟု ခန့်မှန်းထားသည်။



