ပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသည့် ဘိလပ်မြေများကို ပြည်ပမှ တင်သွင်းခွင့်ပြုထားရာ ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းမှ တန်ချိန် ၁,၅၀၀ တင်ဆောင်လာသည့် ရေယာဉ်သည် မတ် ၂၂ ရက်တွင် ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ရန်ကုန်မြို့ ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းသို့ ဆိုက်ရောက် ခဲ့ပြီး မတ် ၂၃ ရက်မှစ၍ ဈေးကွက်အတွင်း ဖြန့်ဖြူးမှုများ စတင်ထားကြောင်း သိရသည်။



