ရန်ကုန်မြို့ တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်(၁)၌ ရေစကြိုဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ၏ (၇၀)နှစ်မြောက် မွေးနေ့မင်္ဂလာနှင့် ၂၀၂၅ ခုနှစ် တိပိဋကစာမေးပွဲ အောင်မြင်သံဃာတော်များ ဂုဏ်ပြုပွဲ ကို မတ် ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ ကြံခင်းဆရာတော်၊ ရွှေဘိုဆရာတော်နှင့် သံဃာတော်များ တက်ရောက်တော်မူ၍ သီလတရားနှင့် ဂုဏ်ပြုပူဇာ မင်္ဂလာအခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။ နောက်ဆုံးတွင် ဆရာတော်ထံမှ အနုမောဒနာတရား နာယူကာ ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။



