back

ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ အောင်ပွဲ ရေစက်သွန်းလောင်းအလှူတော် ကျင်းပ

Mar 24 • 3:08 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ အောင်ပွဲ ရေစက်သွန်းလောင်းအလှူတော် ကျင်းပ

ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၌ အဆင့်မြင့်တာရာဇိုကြမ်းခင်းနှင့် ရင်ပြင်တော် နေပူခံစကျင်ကျောက်ပြားခင်းကျင်းမှု အပိုင်း(၁) အောင်ပွဲ ရေစက်သွန်းလေ...

ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၌ အဆင့်မြင့်တာရာဇိုကြမ်းခင်းနှင့် ရင်ပြင်တော် နေပူခံစကျင်ကျောက်ပြားခင်းကျင်းမှု အပိုင်း(၁) အောင်ပွဲ ရေစက်သွန်းလောင်း အလှူတော်မင်္ဂလာ အခမ်းအနား မတ် ၂၃ ရက်တွင် ကျင်းပခဲ့သည်။အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များ တက်ရောက်၍ ရွှေကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ သံဃာတော်များအား ပရိတ်တရားတော်များ ဖတ်ကြားခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ မင်္ဂလာပိုဒ်စုံရတု ဖတ်ကြားခြင်း စသည့် အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။နောက်ဆုံးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ဆရာတော် တော်မူသော အနုမောဒနာတရား နာယူပြီး ရေစက်သွန်းလောင်း အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


news-view-count-icon

17