၂၀၂၅ အလွန် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းဆွေးနွေးပွဲတွင် ပါဝင်သည့် နီပေါဝန်ကြီးချုပ်ဟောင်းနှင့် အဖွဲ့ သည် မတ် ၂၃ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရားသို့ ဖူးမြော်ခဲ့ပြီး သမိုင်းကြောင်းရှင်းလင်းချက်များ နားဆင်ခဲ့သည်။ ထို့နောက် ယွန်းပညာကောလိပ် (ပုဂံ)သို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ၏ ယွန်းထည်လုပ်ငန်းလုပ်ငန်းစဉ်များနှင့် လက်မှုပစ္စည်းအရောင်းဆိုင်များ ကို လေ့လာခဲ့သည်။ နေ့လယ်ပိုင်းတွင် ရန်ကုန်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။



