မတ် ၂၃ ရက်နေ့မှာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး သည် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး နှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ သို့ ရောက်ရှိစစ်ဆေးသည်။ ဦးစွာ လုံခြုံရေးအဆောက်အအုံ၊ မီးစက်တည်ဆောက်ထားရှိမှုနှင့် မီးစက်တပ်ဆင်ထားရှိမှု၊ ရေလှောင်ကန်ရေယိုစိမ့်မှုကို ပြုပြင်ဆောင်ရွက်ပြီးစီးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။



