back

ကွင်းအတွင်း စိတ်ခံစားချက်ကို ပြောင်းလဲရန်လိုအပ်ကြောင်း ဘယ်လင်ဂမ်ကို အင်္ဂလန်နည်းပြ တူဟယ်လ် သတိပေး

Mar 24 • 1:58 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကွင်းအတွင်း စိတ်ခံစားချက်ကို ပြောင်းလဲရန်လိုအပ်ကြောင်း ဘယ်လင်ဂမ်ကို အင်္ဂလန်နည်းပြ တူဟယ်လ် သတိပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ တူဟယ်လ်က အသင်းကွင်းလယ်ကစားသမား ဘယ်လင်ဂမ်အား ကွင်းအတွင်း စိတ်ခံစားချက်ကို ပြောင်းလဲရန် လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သည်။ အသက် (၂၁) နှစ...

အင်္ဂလန်လက်ရွေးစင်နည်းပြ တူဟယ်လ်က အသင်းကွင်းလယ်ကစားသမား ဘယ်လင်ဂမ်အား ကွင်းအတွင်း စိတ်ခံစားချက်ကို ပြောင်းလဲရန် လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သည်။ အသက် (၂၁) နှစ်အရွယ်ရှိ ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်သည် ကွင်းအတွင်း ဒိုင်လူကြီးများကို စောဒကတက်လေ့ရှိပြီး ယင်းအတွက် အဝါကတ်နှင့် အနီကတ်များ ပြသခံရဖူးသူဖြစ်သည်။ ထို့ကြောင့် ဘောလုံးကျွမ်းကျင်သူများနှင့် ပရိသတ်များက ဘယ်လင်ဂမ်အား ကွင်းအတွင်း ညည်းတွားတတ်သူ၊ ကွင်းလယ်ဒိုင်များကို အမြဲစောဒကတက်သူအဖြစ် ဝေဖန်နေကြသည်။ ယခုအခါ အင်္ဂလန်နည်းပြ တူဟယ်လ်က ဘယ်လင်ဂမ်အား ကွင်းအတွင်း စိတ်ခံစားချက်ကို ပြောင်းလဲရန်လိုကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။


news-view-count-icon

18