မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr.Madhav Kumar Nepal နှင့်အဖွဲ့သည် ယနေ့ နံနက် ၇ နာရီခွဲအချိန်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလိုဘုရား ဖူးမြော်ပြီး ယွန်းပညာကောလိပ် (ပုဂံ)သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ်(ပုဂံ)သို့ရောက်ရှိကြပြီး ယွန်းနှီးစဉ်ခန်းမအတွင်း ယွန်းပညာကောလိပ် ကျောင်းသား၊ ကျောင်းသူများ၊ ယွန်းထည်ပြုလုပ်ပုံ အဆင့်ဆင့် ပြုလုပ်နေမှုတို့အား ကြည့်ရှုလေ့လာကြရာ ယွန်းပညာကောလိပ်(ပုဂံ)ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမြင့်က ယွန်းလုပ်ငန်း အဆင့်ဆင့်ပြုလုပ်ပုံ၊ ရှေးခေတ်မြန်မာများ ယွန်းထည်စတင်အသုံးပြုခဲ့ပုံတို့အား ရှင်းလင်းပြသသည်။



