အာရှဖလား ၂၀၂၇ ခြေစစ်ပွဲအဖြစ် မြန်မာနှင့် အာဖဂန်နစ္စတန် အသင်းတို့သည် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ မတ် ၂၅ ရက်နေ့ ညနေ (၅:၀၀)နာရီတွင် စတင်ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။မြန်မာနှင့် အာဖဂန်နစ္စတန် ပွဲစဉ်အတွက် လက်မှတ်များကို မတ်လ ၂၄ မနက်ဖြန်မှစ၍ သုဝဏ္ဏကွင်း ဂိတ်-၂ တွင် တစ်ရက်ကြိုတင်ရောင်းချမည်ဖြစ်ကာ လက်မှတ်ဈေးနှုန်းမှာ အထူးတန်း- ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြစ်ပါသည်။



