back

မိတ္ထီလာခရိုင်တွင် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း (၃) လမ်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

Mar 23 • 4:14 PM

breaking-news

မြန်မာ

မန္တလေး

cover

မိတ္ထီလာခရိုင်တွင် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း (၃) လမ်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်း ရာနှုန်းပြည့်ပြီ...

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။၎င်းအပြင် ဝမ်းတွင်းမြို့နယ် ပျားစွဲ (န) ကျေးရွာ ကွင်းအမှတ် (၁၂၇)သို့ သွားသော အရှည် ၁/ ၅မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၂ပေ ၉လက်မရှိ မြေသား + ဂျင်းခင်းခြင်းလုပ်ငန်းနှင့် အရှည် ၁၈ ပေ၊ အကျယ် ၃ ပေ၊ ထု ၃ ပေရှိ Slab Culvert (၂) စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများ အထောင်အထည်ဖော်ဆောင်ရွက်ရာ ရာနှုန်းပြည့်ပြီးစီးဖြစ်၍ ကျေးရွာ ၁၃ ရွာမှ အိမ်ခြေ ၂,၁၀၃ အိမ် လူဦးရေ ၇,၂၉၉ ဦး၏ စိုက်ပျိုးဧက ၁,၀၅၂ ဧက နှင့် ၎င်းတို့ မွေးမြူထားသည့် တိရစ္ဆာန်ကောင်ရေ ၃,၈၀၀ တို့အား အကျိုးပြုလျက်ရှိကြောင်း သိရသည်။


news-view-count-icon

26