မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု ၃၇၂ စုအား နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာတွင် ယခုလ ၁၂ ရက်နေ့က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၄၅၀ ၊ အိမ်ထောင်စု ၄၇၀ ရှိသည့်အနက် အိမ်ခြေ ၃၆၀ မီးလောင်ဆုံးရှုံးခဲ့ကာ အိမ်ထောင်စု ၃၇၂ စု ၊ လူဦးရေ ၁၄၄၅ ဦး မီးဘေးဒဏ်သင့်ခဲ့ခြင်း ဖြစ်ပါသည်။



