ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၂၀၂၅ ဆီးဂိမ်းစ်အတွက် ပြင်ဆင်လေ့ကျင့်နေသည့် မြန်မာယူ၂၂ အသင်းသည် နိုင်ငံတကာ ခြေစမ်းပွဲများအဖြစ် ဟောင်ကောင်တရုတ် ယူ၂၂ အသင်းနှင့် မတ်လ ၁၉၊ ၂၂ ရက်နေ့များတွင် ခြေစမ်းပွဲများ ကစားခဲ့ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါသည်။ မြန်မာ ယူ ၂၂ အသင်းသည် ယခုနှစ်အတွင်း အာဆီယံချန်ပီယံရှစ်နှင့် ဆီးဂိမ်းစ် ပြိုင်ပွဲများ၊ အာရှ ခြေစစ်ပွဲနှင့် နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။



