ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ Football for Schools အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများအတွက် ဘောလုံး ၁၀၀၀ အား ပံ့ပိုးပေးအပ်ခြင်းကို မတ်လ ၂၂ ရက်နေ့က မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်ရှိ မြန်မာဘောလုံးအကယ်ဒမီတွင် ပြုလုပ်ခဲ့သည်။ ယင်းနောက် အခမ်းအနား တက်ရောက်လာသူများက MFF မှဖွင့်လှစ်နေသည့် နွေရာသီ ဘောလုံးသင်တန်းအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် MFF ဥက္ကဌတို့က သင်တန်းသား တစ်ဦးချင်းစီအား ဘောလုံးများ လှူဒါန်းပံ့ပိုးခဲ့သည်။ ယင်းနောက်မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)တွင် အမျိုးသမီး ဘောလုံးအကယ်ဒမီ ဖွင့်လှစ်နိုင်ရေးအတွက် RC ၃ထပ် အဆောက်အဦသစ် တည်ဆောက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ရာ MFF ဥက္ကဌက တည်ဆောက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြသခဲ့ပါသည်။



