back

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသကကဖုကျေးရွာမှာ ရွှေ့ပြောင်းတောင်ယာမီးရှို့

Mar 23 • 2:07 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသကကဖုကျေးရွာမှာ ရွှေ့ပြောင်းတောင်ယာမီးရှို့

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသက ကဖုကျေးရွာမှာ ရွှေ့ပြောင်းတောင်ယာမီးရှို့​ခြင်းကို ဒီနေ့ (မတ်လ ၂၃ ရက်) နေ့လယ် ၁ နာရီဝန်းကျင်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။...

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသက ကဖုကျေးရွာမှာ ရွှေ့ပြောင်းတောင်ယာမီးရှို့​ခြင်းကို ဒီနေ့ (မတ်လ ၂၃ ရက်) နေ့လယ် ၁ နာရီဝန်းကျင်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။ရွှေ့ပြောင်းတောင်ယာမီးရှို့ခြင်းကို တစ်နှစ်တစ်ခါ မတ်လ တစ်လတာအတွင်းမှာ ပြုလုပ်လေ့ရှိကြပြီး အဆိုပါ တောင်ယာကိုမီးရှို့ဖို့ တောင်ယာခုတ်ခြင်းကို ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ ပြုလုပ်လေ့ရှိကြပါတယ်။စိုက်ပျိုးပြီးသားမြေဆီလွှာ အားပြန်ကောင်းဖို့ ရွှေ့ပြောင်းတောင်ယာကိုပြုလုပ်ကြပြီး မီးရှို့ပြီး ၁၁ နှစ်အကြာမှာမှ နေရာဟောင်းကို ပြန်လည် စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။ရွှေ့ပြောင်းတောင်ယာမီးရှို့ခြင်းကြောင့် တောမီး လောင်ခြင်း၊ လေထုညစ်ညမ်းခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းတွေ ဖြစ်ပေါ်နေပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တွေရဲ့ ဝေဖန်မှုတွေရှိနေပေမဲ့ ကရင်နီပြည်မှာတော့ ရိုးရာဓလေ့အတိုင်း ဆက်လက် မီးရှို့နေပါတယ်။ 



news-view-count-icon

23