back

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပေါင်းဆန် တန်ချိန် ၃ သိန်း တင်ပို့လျာထား

Mar 23 • 2:06 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပေါင်းဆန် တန်ချိန် ၃ သိန်း တင်ပို့လျာထား

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပေါင်းဆန်ထုတ်လုပ်မှုနဲ့ တင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကို မတ်လ ၂၂ ရက်က မြန်မာနိုင်ငံ ကုန်သည်စက်မှုအ...

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပေါင်းဆန်ထုတ်လုပ်မှုနဲ့ တင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကို မတ်လ ၂၂ ရက်က မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ( UMFCCI) မှာပြုလုပ်ခဲ့ပါတယ်။မြန်မာ့ပေါင်းဆန်ကို ရုရှားနိုင်ငံကို တင်ပို့နိုင်ဖို့ နဲ့ ရှရှားကနေ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးဝယ်ယူဖို့အတွက် မြန်မာ နဲ့ ရုရှားနှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးထားတယ်လို့ သိရပါတယ်။ပြည်တွင်းမှာ ပေါင်းဆန်ကို ဆီးချိုဝေဒနာရှင်တွေ အများဆုံး ဝယ်ယူစားသုံးကြတယ်လို့ ဆန်ဈေးကွက်က သိရပါ တယ်။အခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်မှာ ပြည်ပနိုင်ငံတွေကို ဆန် နဲ့ ဆန်ကွဲ တန်ချိန် ၂ သန်း တင်ပို့ပြီး တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရရှိဖို့ မျှော်မှန်း ထားတယ်လို့ သိရပါတယ်။



news-view-count-icon

30