ဒီနေ့ မတ်လ ၂၃ ရက် နေလယ် ၂ နာရီကျော်မှာ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် (၂) မှာ လေပြင်းတိုက်ခတ်ရာကနေ သစ်ပင်လဲကျမှုကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ကွတ်ခိုင် ဒေသခံတစ်ဦးက "မိုးတော့ သိပ်မရွာပေမယ့် မိုးသီးကျတယ်။ လေတိုက်တာတော့ တအားဘဲ။ ယူကလစ်ပင် အကြီးကြီးတွေ အိမ်ပေါ် လဲကျတာ။ သူတို့လည်း အိမ်ထဲမှာဘဲနေတာ။ သူတို့ကို ထိခိုက်တာတော့ မရှိဘူး" လို့ ပြောပါတယ်။



