back

သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများ မိုးညှင်းတွင် ဖမ်းဆီးရမိ

Mar 23 • 2:08 PM

breaking-news

မြန်မာ

ကချင်

cover

သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများ မိုးညှင်းတွင် ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၉ ရက် နံနက် ၁၀ နာရီခွဲ အချိန်က မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအန...

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၉ ရက် နံနက် ၁၀ နာရီခွဲ အချိန်က မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာ ဖွေ ရာ မန္တလေးမြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ ဖြိုးငြိမ်းဦး မောင်းနှင်ပြီး သန်းထိုက်ဦး လိုက်ပါလာသည့် MITSUBISHI CANTER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ် ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၄.၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၁၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ထိုသို့ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသည့် ဖြိုးငြိမ်းဦး(၂၅)နှစ် နှင့် သန်းထိုက်ဦး တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


news-view-count-icon

20